ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် မြန်မာနိုငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ Statement

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့မှာ ကလေးအလုပ်သမားများပပျောက်ရေး တိုက်ပွဲဝင်ရာတွင် အရေးပါသော အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပါသည်။ ယခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် Covid-19 ကျန်းမာရေးကပ်ရောဂါ၏ အကျိုး သက်ရောက်မှုတို့အတွက် အထူးရည်ရွယ်ပါသည်။

Statement | 12 June 2020
ဝမ်းနည်းဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများမှာ ဖြစ်လေ့ဖြစ်ထရှိသော အကြောင်းအရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သောကြောင့် ကျွန်တော်တို့သည် ကလေးအလုပ်သမား ပြဿနာနှင့် နေ့စဉ် ရင်ဆိုင်နေကြရသည်သာဖြစ်ပါသည်။ မိသားစုများနှင့် လူငယ်များအား ကလေးအလုပ်သမားအဖြစ်သို့ ရောက်ရှိစေသည့် အဓိကအကြောင်းအရင်းများမှာ လက်ရှိကမ္ဘာ့စီးပွားရေးနှင့် အလုပ်သမားဈေးကွက် အကျပ်အတည်းများကြောင့်ဖြစ်ပြီး ပိုမိုဆိုးရွားလာသည်နှင့်အမျှ မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့ရှိ ကလေးများသည် ပိုမိုအားနည်းလာနိုင်သည့်အပြင် အန္တရာယ်များပါရှိလာနိုင်ပါသည်။ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ပညာရေးပြတ်တောက်ခြင်း၊ ပတ်ဝန်းကျင်မှ ဖယ်ထုတ်ခံထားရခြင်းနှင့် ပစ်ပယ်ခံထားရခြင်းများမှ ကလေးအလုပ်သမားများအတွက် ဆိုးကျိုးအချို့သာ ဖြစ်ပါသည်။ ထိုအခြေအနေများသည် အထူးသဖြင့် အခွင့်မသာသည့် ကလေးများအတွက် အန္တရာယ်ရှိသော ဖြစ်ရပ်များဖြစ်ပေါ်လာစေနိုင်ပါသည်။

ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှု၊ သင့်လျော်ကောင်းမွန်သောအလုပ်၊ ကျား/မ တန်းတူညီမျှမှု၊ သဘာဝ ပတ်ဝန်းကျင်ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ငြိမ်းချမ်းရေးသည်တို့သည် ၎င်းတို့အချင်းချင်း အပြန်အလှန်ဆက်စပ်လျှက်ရှိပြီး ကလေးအလုပ်သမားများ ပေါ်ပေါက်လာခြင်းနှင့် တိုက်ရိုက်အကျိုး သက်ရောက်စေသည်ကို နားလည်ထားရပါမည်။ ကလေးသူငယ် အလုပ်သမားများအား ပြန်လည်ထူးထောင် ခြင်း၊ ကာကွယ်ခြင်းနှင့် ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့၏ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲ သောဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင် (SDG)၏ ရည်မှန်းချက် (၈.၇ နှင့် ၈.၈)ကို အကောင်အထည်ဖော် ရန် အရှိန်အဟုန်မြှင့်တင်နိုင်လိမ့်မည်ဟု ကျွန်တော်တို့မျှော်လင့်ပါသည်။

“ဒီနေ့ဟာ ကလေးသူငယ်အခွင့်အရေးအတွက် ရပ်တည်တဲ့နေ့တစ်နေ့ပါ။”

“ ကလေးလုပ်သား ဆန့်ကျင်ရေးတိုက်ပွဲတွင် ကျွန်တော်တို့နှင့်အတူး ပူးပေါင်းကြပါစို့။”