Report

မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမား စောင့်ကြည့်လေ့လာစစ်ဆေးမှုစနစ် ( CLMS) တစ်ရပ် ပြဌာန်းရေးအတွက် ရွေးချယ်စရာ နည်းလမ်းများကို လေ့လာဆန်းစစ်ခြင်း

မြန်မာနိုင်ငံတွင်း ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (NAP ) အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပံ့ပိုးကူညီသွားရန် ရည်ရွယ်ပြီး ILO ၏ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အစီအစဉ်(MyPEC) က ဤလေ့လာမှုကို ပြုလုပ်ရန် ၂၀၁၉ ခုနှစ်တွင် တာဝန်ပေးခဲ့သည်။ ၂၀၁၇-၂၀၁၈ တွင် NAPကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (MOLIP)၏ ဦးဆောင်မှုဖြင့် ကလေးအလုပ်သမားဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ (TWG-CL) ၏ လမ်းညွှန်ချက်အောက်တွင် ပြည်တွင်းအဖွဲ့အစည်းများစွာတို့က ရေးဆွဲချမှတ်ခဲ့သည်။