မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများ နှင့် ကိုဗစ် - ၁၉ ကပ်ရောဂါ (မကြာခဏမေးလေ့ရှိသောမေးခွန်းများ)

ဤသတင်းအချက်အလက်ဆိုင်ရာ ရှင်းလင်းချက် မှတ်စုသည် အလုပ်ရှင်များနှင့် အလုပ်သမားများ၏ ဥပ‌ဒေဆိုင်ရာ တာဝန်ဝတ္တရားများ၏ အကျဉ်းချုပ်ကို ဖော်ပြထားပါသည်။

အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သောအခါတွင် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများတွင် ရည်ညွှန်းထားခြင်းမရှိသည့် အခြေအနေများနှင့် ကြုံတွေနိုင်ပါသည်။ အကြောင်းအရာ နယ်ပယ်အမျိုးမျိုးနှင့် စပ်လျဉ်း၍ အနည်းဆုံးရှိရမည့် သတ်မှတ်ချက်များကို ဤအချက်အလက် မှတ်စုတွင်ဖော်ပြထားပါသည်။