လူမှုဖူလုံရေး

ပုံစံတကျမဟုတ်သောစီးပွားရေးအတွင်းရှိ ပြည်တွင်းရွှေ့ပြောင်းသွားလာသူများအတွက် လူမှုဖူလုံရေး အတိုင်းအတာကို တိုးချဲ့ဆောင်ရွက်ခြင်း - မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာမှု

မြန်မာနိုင်ငံရှိ အလုပ်သမားများ၊ အထူးသဖြင့် ပုံစံတကျမဟုတ်သော စီးပွားရေးအတွင်းရှိ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုကာကွယ်‌စောင့်ရှောက်မှုအကျုံးဝင်ရေး တိုးချဲ့ဆောင်ရွက်မှုကို လေ့လာဆန်းစစ်ထားခြင်းဖြစ်သည်။

လူမှုဖူလုံရေးရယူရာတွင် ပြည်တွင်းရွှေ့ပြောင်းသွားလာသူများ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကိုဖော်ပြထားသည့်အပြင် ပုံစံတကျမဟုတ်သော စီးပွားရေးနှင့်ပြည် တွင်းရွှေ့ပြောင်းသွားလာမှု အခြေအနေများနှင့်ပတ်သက်၍ ရရှိနိုင်သည့် လုပ်သားဈေးကွက်အချက်အလက်များကိုလည်း ဆန်းစစ်လေ့လာထားသည်။ ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်မှု အကျုံးဝင်မှုကို အရေးပေါ်တိုးချဲ့ဆောင် ရွက်ရန်လိုအပ်သည်ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ပေါ်အခြေခံ၍ ဆောင်ရွက်သွားရန်လိုအပ်ပါသည်။