ရွှေ့ပြောင်းသွားလာခြင်း

ကိုဗစ်နိုင်တင်း ကာလအတွင်း အာဆီယံ‌ရွှေ့ပြောင်း အလုပ်သမားများ၏ အတွေ့အကြုံများ - ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း အလုပ်အကိုင်ဆိုင်ရာ အခွင့်အရေး၊ ရွှေ့ပြောင်းသွားလာခြင်း၊ အသွားအလာ ကန့်သတ်ခြင်းနှင့် ပြန်လည်ရွှေ့ပြောင်း သွားလာခြင်း အစီအစဉ်များ

ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါကြောင့် ဒေသတွင်း အပြင် ကမ္ဘာ့နှင့်အဝှမ်းရှိ လုပ်သားရွှေ့ပြောင်းသွားလာမှု များကို ကမောက်ကမဖြစ်စေခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အာဆီယံ၌ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူဦးရေ ခန့်မှန်းချေ ၁၀ သန်းခန့်ရှိခဲ့ပြီး ထိုအထဲမှ ၅၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများဖြစ်ကြသည်။ ၂၀၂၀ ခုနှစ်၊ မတ်လကုန်ပိုင်းမှ ဧပြီလကုန်ပိုင်းအတွင်း အိုင်အယ်လ်အိုအနေဖြင့် အာဆီယံဒေသတွင်း ရွှေ့ပြောင်း အလုပ်သမားများအပေါ် ကိုဗစ်နိုင်တင်း သက်ရောက်မှုများနှင့် ပတ်သက်၍ လူတွေ့ မေးမြန်းခြင်းများ ပြုလုပ်ပြီး အချိန်တိုအတွင်း အကဲဖြတ် စစ်တမ်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါသည်။ စစ်တမ်းတွင်ပါဝင်ဖြေဆိုခဲ့သည့် အမျိုးသမီးနှင့် အမျိုးသား ရွှေ့ပြောင်း အလုပ်သမား ၃၀၉ ဦး၏ ဖြေဆိုမှုများကို ဤအကျဉ်းချုပ်စာတမ်းတွင် အနှစ်ချုပ် ဖော်ပြထားပါသည်။