လူငယ်များအတွက် ဘေးအန္တရာယ် ကင်းရှင်းသည့် လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းခွင်စာအုပ်တွင် ရပ်ရွာကြီးကြပ်ရေးမှူးများ၊ အလုပ်ရှင်များ နှင့် လူငယ်များအတွက် မြန်မာနိုင်ငံတွင်းရှိ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် လူငယ်များကြုံတွေ့နေရသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ နှင့် ဘေးဥပါဒ်များအကြောင်းကို ပုံဖော်ရေးဆွဲထားသည့် အကြောင်းအရာများ ပါဝင်သည်။ စာအုပ်တွင် ဘေးအန္တရာယ်ရှိသော လုပ်ငန်းများကို အကာအကွယ်ပေးသည့် ရည်ရွယ်ချက်များ၊ လမ်းညွှန်ချက်များနှင့် ထိုကဏ္ဍအလိုက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သီးသန့်အကြံပြုချက်များ စသည်တို့ပါဝင်သည်။
- မြန်မာနိုင်ငံရှိ လူငယ်အလုပ်သမားများ လုပ်ကိုင်နေသည့် အထည်ချုပ် စက်ရုံပိုင်ရှင်၊ မန်နေဂျာများအတွက် လက်တွေ့အကြံပြုချက်များ
- မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်ရှင်များ၊ အလုပ်ရှင်အဖွဲ့အစည်းများအတွက် လမ်းညွှန်ချက်မှတ်စု
- မြန်မာနိုင်ငံရှိ လူငယ်အလုပ်သမားများ လုပ်ကိုင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင် မန်နေဂျာများအတွက် လက်တွှေအကြံပြုချက်များ
- ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှ လူငယ်များ
- မြန်မာနိုင်ငံ ငါးဖမ်းလုပ်ငန်းအသင်း၊ ငါးဖမ်းအလုပ်သမား အဖွဲ့အစည်းများအတွက် လမ်းညွှန်ချက်မှတ်စု
- ငါးဖမ်းလုပ်ငန်းတွင် ဘေးကင်းအောင် နေထိုင်ပါ
- မြန်မာနိုင်ငံရှိ လူငယ် အလုပ်သမားများ လုပ်ကိုင်နေသည့် ငါးဖမ်းလုပ်ငန်းများအတွက် လက်တွေ့ အကြံပြုချက်များ