3R ဘဝတွက်တာ သင်ယူစရာသင်တန်းဆရာသုံး လက်စွဲစာအုပ်

3R ဘဝတွက်တာ သင်ယူစရာသင်တန်းဆရာသုံး လက်စွဲစာအုပ်သည် ကလေးသူငယ်၊ လူငယ်နှင့် မိသားစုများ၏ အခွင့်အရေး၊ တာဝန်ယူမှုနှင့် ကိုယ်စားပြုမှုကိုဖော်ပြခြင်း သို့မဟုတ် 3R သင်တန်းဆရာလက်စွဲစာအုပ်သည် အထူးသဖြင့် ကလေးလုပ်သား၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းခံရ နိုင်ခြေရှိနေသော ရပ်ရွာလူထုမှ ကလေးများ၊ လူငယ်များနှင့် မိသားစုများကို အပြန်အလှန်တုံ့လှယ် သင်ကြားသော သင်တန်းများတွင် အသုံးပြုရန်အတွက် ဖြစ်သည်။ 3R သင်တန်းဆရာလက်စွဲစာအုပ်၏ အလုံးစုံသော ရည်မှန်းချက် ပန်းတိုင်မှာ ကလေးများ၊ လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ၎င်းတို့၏ ရပ်ရွာလူထုများအတွင်း ဘဝ တွက်တာကျွမ်းကျင်မှု၊ လုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှုများ ပေးနိုင်ရန်ဖြစ်ပြီး ပြည်တွင်းရှိမြို့များ၊ မြို့ကြီးများတွင် သို့မဟုတ် နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းနေထိုင်သူ၊ အလုပ်လုပ်သူများ အတွက်လည်းဖြစ်သည်။ ၎င်းတို့၏ အခွင့်အရေး များနှင့် ကျွမ်းကျင်မှုအရည်အချင်းများကို ပိုမိုသိရှိလာခြင်းသည် ၎င်းတို့၏ ဘဝများနှင့် ပတ်သက်သည့် အမြော်အမြင်ရှိ သောဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အလားအလာကောင်းသော အလုပ်အခွင့်အလမ်းများ ရှာဖွေ နိုင်ခြင်း၊ ပြောဆိုတင်ပြလိုသည့်အသံများကို ပိုမိုတိုးတက်ဖော်ထုတ်နိုင်ခြင်း၊ မိသားစုများ၊ ရပ်ရွာလူထုနှင့် အလုပ်ခွင် များတွင် ကိုယ်စားပြုဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်လာနိုင်စေသည်။