မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမားများအတွက် မူရင်းနိုင်ငံဆိုင်ရာ တိုင်ကြားမှု ယန္တရားများ။
ဤအကျဉ်းချုပ်စာတမ်းသည် ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ အချို့အကြောင်းအရာများနှင့် စပ်လျဉ်း၍ နည်းပညာ အကြံပြုချက်များပေးရန်အတွက် အိုင်အယ်လ်အို ရန်ကုန်ရုံးမှ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (LIFT) ၏ ငွေကြေးပံ့ပိုးမှုဖြင့် အတွဲလိုက်ရေးသားထုတ်ဝေသည့် အကျဉ်းချုပ် စာတမ်းများအနက် ပထမဆုံးဖြစ်သည် ။ ဤအကျဉ်းချုပ် စာတမ်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် တိုင်ကြားမှု သို့မဟုတ် နစ်နာမှုဆိုင်ရာ ယန္တရားများအား ကြပ်မတ်ထိန်းချုပ်သည့် အပြည်ပြည် ဆိုင်ရာ ဥပဒေမူဘောင်နှင့် လမ်းညွှန်ချက်များ ပါဝင်သည် ။ အစိုးရတိုင်ကြားမှုယန္တရား ၊ သံရုံးများ ၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၊ အဓမ္မစေခိုင်းမှုနှင့် ပတ်သတ်၍ အိုင်အယ်လ်အို၏ တိုင်ကြားမှု ယန္တရားနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လက်ရှိအသုံးပြုနေသည့် မတူညီသော ယန္တရားများကို ခွဲခြမ်းစိတ်ဖြာလေ့လာထားသည် ။ အခြားမူရင်းနိုင်ငံများမှလေ့လာထားသော ကောင်းမွန်သည့်ဆောင်ရွက်ချက်များကို ဥပမာထား၍ ရေးသားပြုစုထားသည်။