ကလေးအလုပ်သမား

အိပ်မက်ထဲက တောင်းဆု

မြန်မာနိုင်ငံမှာ လုပ်သားစစ်တမ်းအရ တစ်သန်းကျော်သော ကလေးငယ်တွေဟာ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး ၎င်းတို့အနက် တစ်ဝက်ကျော်က နေ့စဉ် အန္တာရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရပါတယ်။

Date issued: 02 November 2022 | Size/duration: 00:01:37


ဤသန်းပေါင်းများစွာသော ကလေးငယ်တွေကို ကယ်တင်နိုင်ဖို့အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနဲ့ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေဟာ အရင်ကထက် ပိုမို အရေးပါလာပါတယ်။ ထိရောက်တဲ့ လုပ်ဆောင်ချက်နဲ့ နည်းဗျူဟာများထဲမှ အိုင်အယ်လ်အို မြန်မာက လူမှု အကာအကွယ်ပေးရေးနဲ့ လူမှု အသိုင်းအဝိုင်းအတွင်း လုပ်ဆောင်ချက်များ ပိုမို အားကောင်းလာစေရေး ရှေးရှုကာ ကလေး အလုပ်သမားဆိုင်ရာ မြန်မာ့အီလက်ထရောနစ် လေ့လာသင်ကြားရေး အစီအစဉ် တစ်ရပ် (https://ecampus.iloyangon.org) ကို မိတ်ဆက်ခဲ့ပါတယ်။

ကလေးအလုပ်သမားများ ရင်ဆိုင်နေရတဲ့ ဆင်းရဲ မွဲတေမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှု အရင်းအမြစ်တွေကို သိရှိ နားလည်နိုင်စေဖို့ အောက်ပါ ရုပ်သံကို ကြည့်ရှုလိုက်ပါ။

#ကလေးအလုပ်သမား ပပျောက်ရေး အားလုံး ပါဝင်ဆောင်ရွက်ကြပါစို့